IGCSE Maths B ဆိုသည်မှာ သာမန်သင်္ချာသဘောတရားများထက် ပိုမိုကျယ်ပြန့်နက်နဲပြီး ခေတ်မီနည်းပညာ၊ စီးပွားရေးနှင့် သိပ္ပံနယ်ပယ်များတွင် အသုံးချနိုင်သည့် အဆင့်မြင့်သင်္ချာသဘောတရားများ၊ ဂျီဩမေတြီ၊ တြိဂံတိုင်းတာခြင်းနှင့် အသုံးချသင်္ချာ (Applied Mathematics) များကို လေ့လာရသည့် ဘာသာရပ် ဖြစ်ပါသည်။
ဤသင်တန်းသည် သင်္ချာဘာသာရပ်ကို စိတ်ဝင်စားပြီး ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းလိုသော ကျောင်းသား၊ ကျောင်းသူများအတွက် အောက်ပါအချက်များကို အခြေခံမှစ၍ ပိုင်နိုင်ကျွမ်းကျင်စေရန် အဓိကရည်ရွယ်၍ သင်ကြားပေးသွားမည် ဖြစ်ပါသည် -
Advanced Algebra & Functions: အဆင့်မြင့်(Algebra) ညီမျှခြင်းများ၊(Functions) များနှင့် ဂရပ်ဖော်ပြခြင်းဆိုင်ရာ တွက်ချက်မှုများကို နားလည်သဘောပေါက်စေရန်။
Geometry, Trigonometry & Vectors: ဂျီဩမေတြီ (Geometry) ဆိုင်ရာ သီအိုရီများ၊ တြိဂံတိုင်းတာခြင်း (Trigonometry) နှင့် ဗတ္တာ (Vectors) တွက်ချက်မှုများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်စေရန်။
Calculus & Applied Mathematics: ကယ်လ်ကူလပ်စ် (Calculus) ၏ အခြေခံသဘောတရားများနှင့် လက်တွေ့ဘဝပြဿနာများတွင် အသုံးချတွက်ချက်နိုင်စွမ်း (Applied Mathematics) ကို မြှင့်တင်ပေးရန်။