IGCSE Physics ဆိုသည်မှာ သဘာဝတရား၏ ရုပ်ပိုင်းဆိုင်ရာနိယာမများ၊ စွမ်းအင်၊ ရွေ့လျားမှု၊ လျှပ်စစ်နှင့် သံလိုက်ဓာတ်တို့အပြင် စကြာဝဠာဆိုင်ရာ သဘောတရားများကို သိပ္ပံနည်းကျ စူးစမ်းလေ့လာပြီး လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် သင်ယူရသည့် အခြေခံရူပဗေဒဘာသာရပ် ဖြစ်ပါသည်။
ဤသင်တန်းသည် သိပ္ပံဘာသာရပ်ကို စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများအတွက် အောက်ပါအချက်များကို အခြေခံမှစ၍ ပိုင်နိုင်ကျွမ်းကျင်စေရန် အဓိကရည်ရွယ်၍ သင်ကြားပေးသွားမည် ဖြစ်ပါသည် -
Core Physics Concepts & Calculations: ရူပဗေဒဆိုင်ရာ အခြေခံနိယာမများ၊ ဖော်မြူလာများနှင့် တွက်ချက်မှုများကို သဘောပေါက်နားလည်စေရန်၊ တိကျမှန်ကန်စွာ တွက်ချက်တတ်စေရန်နှင့် လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိစေရန်။
Practical & Experimental Skills: သိပ္ပံနည်းကျ စမ်းသပ်မှုများ (Experiments) ၏ ရည်ရွယ်ချက်၊ လုပ်ထုံးလုပ်နည်း၊ အချက်အလက်ကောက်ယူခြင်းနှင့် ရလဒ်များကို ခွဲခြမ်းစိတ်ဖြာ တွက်ချက်နိုင်စွမ်းရှိစေရန်။
Application & Problem Solving: သီအိုရီသဘောတရားများကို လက်တွေ့ကမ္ဘာ ပြဿနာများနှင့် ချိတ်ဆက်ကာ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်နိုင်စွမ်း (Critical Thinking & Analysis) အပြည့်ဖြင့် ဖြေဆိုနိုင်စေရန် အဓိကရည်ရွယ်ပြီး သင်ကြားပြသပေးသွားမည် ဖြစ်ပါသည်။